Saturday, October 23, 2021

ဆံသဆိုင် (ဆံပင်ညှပ်ဆိုင်) တစ်ဆိုင်တွင် ဆံပင်ညှပ်သူများနှင့် စည်ကားနေ၏။

ဆံပင်ညှပ် ဆရာတစ်ယောက်မှ လွဲပြီး က်န်ဆံသဆရာ 
အားလုံးမွာ ဆံသပေးနေကြလေသည်။ 

ထိုဆံသဆရာ လူငယ်လေးတစ်ဦးသည် 
စိတ်လှုပ်ရှားခြင်းများစွာဖြင့် ဆံပင်လာညှပ်မည့် 
ဧည့်သည်ကို မျှော်နေမိ၏ ။ 

ယနေ့မှစကာ ဆိုင်ပိုင်ရှင်က သူ့ကို ဆံသခွင့် ပေးလိုက်သည်။

သူသည် ထိုဆိုင်တွင် အောက်ခြေသိမ်း အလုပ်များနှင့် 
ခေါင်းလျှော်သည့် အလုပ်တွေ(၂) နှစ်လုပ်ရင်း
ဆံပင်ညှပ်ပညာကို သင်ယူခဲ့ရပြီး 

ယနေ့သည် သူ၏ပထမဆုံးသော ဧည့်သည်ကို 
ဆံသပေးရမည့်နေ့ ဖြစ်နေလေသည်။ 

သူတို့ ဝန်ထမ်းအချင်းချင်း ဆံသပေးဖူးသော်လည်း 
သူ၏ ပထမဆုံးသော ဧည့်သည်ကို ဆရာမကူဘဲ 
ညှပ်ရတော့မည် ဖြစ်သောကြောင့် သူ၏ ရင်ထဲတွင် 
ကြောက်သလိုလို ၊ပေ်ာ်သလိုလို ဖြစ်နေလေသည်။

သူတွေးနေစဉ် ဧည်သည့်နှစ်ဦးက ဆိုင်ထဲ ဝင်လာကြသည်။

မင်္ဂလာပါခင်ဗျာ.
ဆံပင်ညှပ်မှာလားဆရာ

အေး အာကာ အားပြီးလား။

ဦးမိုးရေ ခဏစောင့်ပါဦး။ ဒီတစ်ယောက်ပြီးရင် ရပါပြီ
သူပင် မဖြေလိုက်ရ။ အာကာက ဆံသနေရင်း လှမ်းအော်သည်။

ဆံပင်လာညှပ်သည့် လူအားလုံးက သူတို့ညှပ်နေကျ 
လူတွေနှင့်သာ စောင့်ညှပ်ကြသည်။

ဆရာ ကြွပါခင်ဗျာ
သူ တွေးနေတုန်း လူတစ်ယောက်ဝင်လာ၍ ပြောနေကျ 
စကားက အလိုလို ထွက်သွားသည်။

မင်္ဂလာပါခင်ဗျာ.
ဆံပင်ညှပ်မှာလားဆရာ

အင်း
သူ၏စိတ်ထဲတွင် ထိုလူ့၌ ညှပ်နေကျ ဆံသဆရာ 
မရှိပါစေနှင့်ဟု ဆုတောင်းနေမိသည်။

ညှပ်လို့ ရပြီလား။စောင့်ရဦးမှာလား

ရပါပြီဆရာ

ဆံပင်ညှပ်မည့် နေရာကို ဦးဆောင်ခေါ်သွားရင်း 
သူ၏ စိတ်ထဲ ပျော်ရွှင်နေမိသည်။

ဆရာ ထိုင်ပါခင်ဗျာ

ဧည့်သည်၏ ကိုယ်ပေါ်တွင် ခြုံလွှာလွှားရင်း
ဆရာ ဘယ်လိုကေ ညှပ်မလဲဗျ

ဒီပုံအတိုင်းပဲ။ တိုပေး။ ပါးပေး

ဟုတ်ကဲ့ဆရာ

သေချာ ညှပ်နော်။ ဧည့်သည် မကြိုက်ရင် 
မင်း နောက်နေ့ မညှပ်ရဘူး

ဆံပင်ညှပ်ဆရာ အကြီးတစ်ယောက်က သူ့ကို လှမ်းအော်သည်။

ဧည့်သည်ရှေ့တွင် လှမ်းအော်သော အကြီးကို စိတ်ထဲက 
ကျိန်ဆဲမိသည်။

ဘာကြောင့်များ ဧည့်သည်ကွယ်ရာမှာ မပြောပါလိမ့်။ 

ဧည့်သည်၏ မျက်ဝန်းတွေကို ကြည့်မိတော့ 
သူ့ကို အထင်သေးသည့် အရိပ်တွေ မတွေ့ရ၍ 
တော်ပါသေးရဲ့ဟု တွေးလိုက်မိသည်။

သူ၏ လက်တွေက ဆံသပစ္စည်း တချို့နှင့် ရောထွေးကာ 
ကချေသည်လို လှုပ်ရှားနေမိသည်။

စိတ်လှုပ်ရှားခြင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း 
ညှပ်စတွင် လက်တွေက တုန်ရီနေမိသည်။

သူ ကြိုးစားညှပ်သော်လည်း ဘယ်နှင့်ညာဘက်ခေါင်းက 
ဆံပင်တွေက မညီ ။ သိသာလောက်အောင် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်။

ဧည့်သည်က မှန်တွင်ကပ်ထားသော ဝန်ထမ်းများ 
ဆက်ဆံရေး မပြေပြစ်ပါက ဖုန်းဆက် တိုင်နိုင်ပါသည်
ဟူသော စာတမ်းကို ကြည့်နေသည်။

သူ၏ ဆံပင်ညှပ်ပုံ မကောင်းကြောင်း အတိုင်ခံရလျှင် 
ဆိုင်ပိုင်ရှင်က သူ့ကို ခေါင်းလျှော်သည့်နေရာကို ပြန်ပို့မှာ 
သူ ကြောက်မိသည်။

ဆရာ ပြီးပါပြီခင်ဗျာ။ ခေါင်းလျှော်ဦးမလား ဆရာ

နောက်ကြည့်မှန်နှင့် ခေါင်းအနောက်ဘက်ကို ပြရင်း 
သူမေးတော့ ဧည့်သည်က

မလျှော်တော့ဘူး ညီလေး။ ကျေးဇူးပဲ။
ဆံပင်ညှပ်တာ ပုံစံလေးကောင်းတယ်

ဧည့်သည်က ကျသင့်ငွေ ရှင်းပြီး ပြန်သွားတော့မှ 
ရင်ထဲက အပူလုံးကြီးကို ဟူးခနဲ မှုတ်ထုတ် လိုက်ရသည်။

ငါ လုပ်နိုင်တယ်ကွ ဟုတွေးကာ ပျော်ရွှင်သွားမိသည်။

နောက် တစ်နှစ် ခန့်ကြာသော်..။

မင်္ဂလာပါခင်ဗျာ.
ဆံပင်ညှပ်မှာလားဆရာ

သူ၏ အသံတွေထဲတွင် ယုံကြည်ချက်တွေ 
အပြည့်ပါနေလေသည်။

တစ်နှစ်အတွင်း သူကိုင်ခဲ့ရသည့် ခေါင်းတွေက 
များခဲ့သောကြောင့် ဆံပင်ညှပ်သည့် ကိစ္စက 
သူ့အတွက် အကျွမ်းတဝင် ဖြစ်နေပေပြီ။

ဧည့်သည် တစ်ဦး၏ ဆံပင်ကို ကျွမ်းကျင်စွာ ညှပ်နေရင်း 
ထိုဧည့်သည်ကို မြင်ဖူးသလို ရွိ၍ စဉ်းစားနေမိသည်။

ဟာ ဒီဆရာက ငါပထမဆုံး ဆံသေပးခဲ့တဲ့လူပဲ
သူ၏ စိတ်ထဲသာ ပြောနေမိသည်။

ဆရာ ပြီးပါပြီခင်ဗျာ။ ခေါင်းလျှော်ဦးမလား ဆရာ

နောက်ကြည့်မှန်နှင့် ပြရင်း သူမေးတော့ 
ဧည့်သည်ကပြန်ပြောသော စကားကြောင့် သူ အံ့ဩသြားမိ၏။

ငါ့ညီလေးတောင် ဆံပင်ညှပ်တာ ကျွမ်းကျင်သွားပြီပဲ

ဟာ ဆရာက ကျွန်တော်ကို မှတ်မိတယ်ပေါ့

မှတ်မိတာပေါ့ကွ။ အဲ့ဒီနေ့က ငါ တခြားဆိုင်မှာ 
ပြန်ပြင်လိုက်ရသေးတယ်။

သူ အံ့သြ သွားမိသည်။ သူညှပ်ပေးသည့် ဆံပင် မညီတာ 
သိလျက်နှင့် အဘယ်ကြောင့် ပြဿနာ မရွာရတာလဲ 
ဆိုတာကို သူ သိချင်မိသည်။

ဆရာ က အဲဒီနေ့က ဆံပင် မညီတာသိပေမဲ့ ကျွန်တော်ကို ဘာလို့ ကျေးဇူးပဲ။  ဆံပင်ညှပ်တာ ပုံစံလေးကောင်းတယ်လို့ ပြောသွားရတာလဲ

ဧည့်သည် ပြန်ပြောလာမည့် စကားကို မျှော်လင့်ရင်း 
ဧည့်သည်၏ မျက်ဝန်းတွေကို ငေးမောနေမိသည်။

ငါ အဲဒီနေ့က မင်းကို ယုံကြည်မှုတွေ ပေးလိုက်တာပါ။ အဲဒီယုံကြည်မှုက အခု မင်းကို အများကြီး အထောက်အကူ ပေးနေမယ်လို့ ငါထင်တယ် "

" မင်း စိတ်လှုပ်ရှားနေမှန်း ငါသိပါတယ်။ ငါသာ တစ်ခုခုပြောလိုက်ရင် မင်းရဲ့ စိတ်ထဲရမဲ့ ဒဏ်ရာက သေအထိ ပျောက်မယ် မထင်ဘူး"

" မင်းက ဆံပင်ညှပ်တတ်ပါတယ်။  စိတ်လှုပ်ရှားပြီး လက် အနည်းငယ် တုန်နေလို့သာ မညီမညာ ဖြစ်ခဲ့ရတာ။ အလြန်ဆုံး ငါ ကတုံးတုံးရရုံပေါ့ကွာ"

" ငါ့အတွက် ကြီးကြီးမားမား မထိခိုက်နိုင်ပါဘူး။ ဟားဟား။
မွတ္ထား ညီလေး။ အလုပ်မှာ မွားမွာ မကြောက်နဲ့။ မမွားဖူးတဲ့ လူဟာ အလုပ် မလုပ္ဖူးတဲ့ လူပဲ။  ဒါပေမဲ့ ထပ်ခါထပ်ခါ မမှားစေနဲ့ပေါ့ကွာ။ အဲ့ဒါလေးတော့ မွတ္ထား

အစ္ကိုက ဘာလို့ အဲ့ဒီလို လုပ်ရတာလဲဟင်

အံ့သြကြီးစွာ သူမေးမိတော့ ဧည့်သည်က သူ နားမလည်သော စကားကို ဆိုသည်။

ငါ့ယုံကြည်မှုတွေ အသတ္ခံခဲ့ရဖူးလို့ပါကြာ

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search