ဘဝမှာ
လိုချင်တာ တစ်ခုခုရှိလာတဲ့အခါ
ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူရတယ်
ဘယ်သူ့ကိုမှ ပူဆာစရာ မရှိဘူး
ဘဝမှာ
နာကျင်စရာတွေ ကြုံလာတဲ့အခါ
ခေါင်းအုံးလေးပေါ်သာ
မျက်နှာအပ် ငိုခဲ့ရတယ်
ဘယ်ပုခုံးထက်မှာမှ ငိုခွင့်မရခဲ့ဘူး ။
အော် .
ဒီဘဝမှာ
အဖြည့်ခံသက်သက်ပါပဲ
ဘာတစ်ခုမှ ကိုယ်ရခဲ့တာမရှိပါဘူး။
Post a Comment