Monday, October 18, 2021

ယောက်ျားတိုင်း လိုချင်တဲ့ မိန်းမ ဖြစ်အောင် မနေပါနဲ့ ။ ယောက်ျားတိုင်း တန်ဖိုးထားတဲ့ မိန်းမ ဖြစ်အောင်နေပါ

ယောက်ျားတိုင်း လိုချင်တဲ့ မိန်းမ ဖြစ်အောင် မနေပါနဲ့ ။ ယောက်ျားတိုင်း တန်ဖိုးထားတဲ့ မိန်းမ ဖြစ်အောင်နေပါ

ယောက်ျားတိုင်း လွယ်လွယ်ရတဲ့ မိန်းမဖြစ်အောင် မနေပါနဲ့ ။ ယောက်ျားတိုင်း လွယ်လွယ် မရနိုင်တဲ့ မိန်းမဖြစ်အောင် ကြိုးစားပါ ။

ပျော့ညံ့နေတဲ့ မိန်းမဖြစ်အောင် မနေပါနဲ့ ။ စိတ်ဓာတ် မာကျော့တဲ့ မိန်းမတစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။

မပြတ်သားတဲ့မိန်းမ ဖြစ်အောင် မနေပါနဲ့ ။ ဆုံးဖြတ်ချက်ချပြီး နောက်လှည့် မကြည့်တတ်တဲ့ မိန်းမဖြစ်အောင် ကြိုးစားပါ ။

အရာရာ အရှုံးပေးတတ်တဲ့ မိန်းမဖြစ်အောင် မနေပါနဲ့ ။ အရှုံးတွေထဲက သင်ခန်းစာယူပြီး ဘဝခရီး ဆက်နိုင်တဲ့ မိန်းမဖြစ်အောင် နေထိုင်ပါ ။

မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက် ဖြစ်အောင် မနေပါနဲ့ ။ မျက်ရည်ကျတိုင်း ကိုယ်မျက်ရည်ကိုယ် သုတ်ပြီး ပြုံးနိုင်တဲ့ မိန်းမတစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။

အချစ်တွေ အလွမ်းတွေနဲ့ အချိန်ကုန်နေတဲ့ မိန်းမဖြစ်အောင် မနေပါနဲ့ ။ အချစ်ဆိုတာ မရှိမဖြစ် မဟုတ်ဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ နေထိုင်နိုင်အောင် ကြိုးစားပါ ။

အိမ်နောက်ဖေးမှာ ဘဝကုန်ဆုံးတော့မယ် မိန်းမတစ်ယောက် ဖြစ်အောင် မနေပါနဲ့ ။ အိမ်ဦးခန်းမှာ အိမ်ထောင်ဦးစီးကို လမ်းပြနိုင်တဲ့ မိန်းမတစ်ယောက် ဖြစ်အောင်ကြိုးစားပါ ။

အသိဉာဏ်မဲ့တဲ့ မိန်းမတစ်ယောက် ဖြစ်အောင် မနေထိုင်ပါနဲ့ ။ အသိဉာဏ်ကြွယ်တဲ့ မိန်းမတစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။

တန်ဖိုးမဲ့ မိန်းမတစ်ယောက် ဖြစ်အောင် မနေထိုင်ပါနဲ့ ။ တန်ဖိုးကြီးတဲ့ မိန်းမတစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။

အနာဂတ်အမေ ဖြစ်လာမယ့် မိန်းမတွေ ထက်မြက်ဖို့ လို့ပါတယ် ။

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search