Monday, October 18, 2021

မနှောင့်ယှက်တော့ဘူးနော်...

မနှောင့်ယှက်တော့ဘူးနော်...

ကျွန်တော်သိပ်ချစ်တဲ့ခင်ဗျား ဒီထက်ပိုပြီး မနှောင့်ယှက်တော့ပါဘူး... ဒီတစ်ခါအတည်ပါ အရင်တုန်းက စကားအဖြစ်နဲ့ပြောတာမျိုးမဟုတ်ပဲ ရက်တွေလတွေ အများကြီး စဥ်းစားပြီးမှ ပြောဖြစ်ခဲ့တဲ့ စကားမို့ ဒီတစ်ခါတော့ ယုံနော်...

ကျွန်တော်က ခင်ဗျားအတွက်ဘာလဲဆိုပြီး နေရာမရှိတဲ့နေရာမှာ အရေးပါမလားဆိုပြီး ခင်ဗျားခေါင်းရှုပ်စေမယ့် မေးခွန်းတွေ နောက်ဆို ဘယ်တော့မှ မမေးတော့ဘူး ကျွန်တော်က ခင်ဗျားအတွက် အရေးပါသည်ဖြစ်စေ အရေးမပါဘူးဖြစ်စေ ခင်ဗျားလေးကတော့ ကျွန်တော့အတွက် အမြဲတမ်းအရေးပါနေမှာပဲလေ ဒါတော့ သိတယ်မလား ။

မဖြေချင်တဲ့ဖုန်းတွေကို အားနာနာနဲ့ကိုင်ရမယ့် အုဖြစ်တွေလဲ နောက်ဆိုထပ်မဖြစ်စေရတော့ဘူးနော် မနှောင့်ယှက်တော့ဘူးဆိုတဲ့စကားမှာ ဒါက အရေးအကြီးဆုံးပဲလေ... ခင်ဗျားလေးက အလုပ်အရမ်းများတာ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ရဦးမယ် ကျွန်တော့ထက်အရေးပါတဲ့လူတွေနဲ့ စကားတွေ အများကြီး ပြောရဦးမယ်လေ ။

မကိုင်ချင်မှန်းသိသိနဲ့ သတိရလို့ဆိုတဲ့ခေါင်းစဥ်အောက်မှာ အများကြီး အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက်တော့ ကျွန်တော်ကပဲတောင်းပန်ပါတယ် ပြန်ဖြေတဲ့စကားလုံးတွေမှာ အသက်တွေမပါခဲ့တော့လဲ ကျွန်တော့ရင်ဘတ်ထဲမှာလဲ နဲနဲအောင့်သက်သက်တော့ နိုင်တာပေါ့.. ဒါပေမယ့်ထားပါ ကျွန်တော်က အများကြီးမျှော်လင့်ထားခဲ့မိတာကိုး ။

နောက်ဆို.. ကျွန်တော်ကို ချစ်ရဲ့လားဆိုပြီး မ​​ဖြေချင်တဲ့မေးခွန်းတွေလဲ မမေးတော့ဘူးနော် သတိမရဘူးလားဆိုပြီး အမှန်တရားကို ဆန့်ကျင်ပြီးတော့မှလဲ မသိချင်တော့ဘူး ။ 

တစ်ခုပဲ သိထားပါ စိတ်လိုလက်ရရှိတဲ့အချိန်မှာ ဖုန်းခေါ်လို့လဲရပါတယ် စာပို့လို့လဲရပါတယ် ကျွန်တော့်ဘက်က စပြီးတော့ မနှောင့်ယှက်ဖြစ်တော့တာကလွဲရင် အရင်လိုပဲ မျှော်နေဖြစ်ဦးမှာပါ ။

မနှောင့်ယှက်တော့ပါဘူးဆိုပြီး မပြောခင် မေးခွန်းတွေအများကြီးနဲ့ စိတ်အနှောင့်အယှက်ပေးခဲ့မိတဲ့အတွက်တော့ ကျွန်တော်ကပဲ တောင်းပန်ပါတယ် ။ ပျော်သလိုသာနေပါ ကျွန်တော်လဲ မျှော်နေပါ့မယ် ။

 #ကျေးကို 
ရင်နှင့်ရင်း၍ရေးသည်။

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search