Monday, October 18, 2021

လောကမှာ ဘာအရေးကြီး ဆုံးလဲလို့မေးခဲ့ရင်စိတ်ထားတတ်ဖို့ အရေးအကြီးဆုံးလို့ ကျွန်မဖြေမယ်။

လောကမှာ ဘာအရေးကြီး ဆုံးလဲလို့မေးခဲ့ရင်
စိတ်ထားတတ်ဖို့ အရေးအကြီးဆုံးလို့ ကျွန်မဖြေမယ်။

ဘာကြောင့်လဲဆိုတော့ စိတ်မထားတတ်ရင်
ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ
စိတ်ဆင်းရဲရတာပဲမဟုတ်လား။

ကျန်းမာရေးကောင်းဖို့ ငွေပုံပေးလို့မရပေမယ့်
မကျန်းမာတဲ့ စိတ်ကိုထိန်းပြီး ကျန်းမာရေးကိုဂရုစိုက်ရင်း စိတ်ချမ်းသာအောင် နေလို့ရပါတယ်။

ကိုယ်တိုင် မငြိမ်းချမ်းနိူင်တဲ့ စိတ်တစ်ခုကို
ငွေပုံပေးပြီး စိတ်ချမ်းသာအောင် လုပ်နိူင်ဖို့ဆိုတာ မဖြစ်နိူင်တဲ့အတွက် ကိုယ်ကိုယ်တိုင်ကပဲ လုပ်ပေးနိူင်တယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

ဒါမှလဲ ကိုယ်ရရှိတဲ့ ကိုယ့်ဘဝ၊အခြေအနေမှန်ကို လက်ခံနိူင်တဲ့စိတ်ဆိုတာ ဖြစ်ပေါ်လာမှာပါ။

ဒီလိုဖြစ်ပေါ်လာတဲ့စိတ်ကပဲ အရာရာအပေါ် 
ရောင့်ရဲနိူင်ခြင်း၊မျော်လင့်ခြင်းကင်းစွာနဲ့
စိတ်ရဲ့အေးချမ်းမှုကို ပိုင်ဆိုင်ခွင့်ရမှာပေါ့။

အရာရာတိုင်းအပေါ် အစွဲအလမ်းများရင်
ကိုယ်ပဲ ပူလောင်ရမယ့်အတူတူ တစ်ချို့အရာတွေကို လွှတ်ချသင့်သလောက်လွှတ်ချထားခဲ့ပြီး 
စိတ်ကိုပေါ့ပေါ့ ပါးပါးလေးပဲ ထားလိုက်တော့တယ်။

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search